Header Ads

Breaking News
recent

ဆံပင္ ကို ေတာက္ေျပာင္ ေပ်ာ့အိ ေစမယ့္ နည္းလမ္း ၂မ်ိဳး

Zawgyi ျဖင့္ဖတ္ရန္
ၾကမး္ျပီးမြဲေျခာက္တဲ့ ဆံပင္ ကို လူေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ေနရပါတယ္ ။ဒီလို မြဲေျခာက္ တဲ့ ဆံပင္ ပံုစံက ေခါင္းျဖီးထားလည္း သပ္သပ္ရပ္ရပ္မရွိဘူးလို႔ ခံစားရေစပါတယ္ ။အမ်ိဳးသမီး တိုင္းကေတာ့ နူးညံ့ျပီး ေတာက္ေျပာင္တဲ့ ဆံပင္ မ်ိဳးကို လိုခ်င္ၾကပါတယ္ ။ ဆိုင္မွာ ဖေယာင္းသြင္း ျခင္းကလည္း ဓါတုေဆး ေတြသံုးရတဲ့အတြက္ ခဏတာသာ လွေစျပီး ေဆးေၾကာင့္ ဆံပင္ ေတြ ပ်က္စီးနိုင္ပါတယ္ ။ ေဘးထြက္ဆိုးက်ိဳးမရွိတဲ့ အိမ္တြင္း နည္းလမ္း ေတြကသာ အေကာငး္ဆံုး ျဖစ္ပါတယ္။
ၾကက္ဥ သံုးနည္း
ဆံသား က်န္းမာေရး အတြက္ ၾကက္ဥ က အေကာင္းဆံုး ပစၥည္းပဲ ျဖစ္ပါတယ္ ။ ေကာင္းမြန္တဲ့ ပရိုတိန္းဓါတ္ ၊ lecithin နွင့္ fatty acid မ်ား ၾကြယ္ဝစြာပါဝင္ျပီး ပ်က္စီးမြဲေျခာက္ေနတဲ့ ဆံပင္ အတြက္ အေကာင္းဆံုး ေဆးဖက္ဝင္ ပစၥည္း ပါပဲ ။ ၾကက္ဥ နဲ႔ ေပါင္းတင္ျခင္းျဖင့္ ဆံပင္ ကို ပိုမိုမဲနက္ေစျပီး မြဲေျခာက္မႈ ကင္းကာ ေတာက္ေျပာင္ေစပါတယ္ ။
ၾကက္ဥ တစ္လံုးရဲ႕ အကာကိုသက္သက္ဖယ္ယူပါ ။ ျပီးေနာက္ သံလြင္ဆီ နွင့္ ပ်ားရည္ ကို လက္ဖက္ရည္ ၁ဇြန္းစီ ထည့္ျပီး ေျပပ်စ္သည္အထိ ေမႊပါ ။ ထို႔ေနာက္တြင္ ဆံပင္အႏွံ႔သုတ္လိမ္းျပီး shower cap ျဖင့္ နာရီဝက္ခန္႔ အုပ္ထားပါ ။ ျပီးေနာက္ေတာ့ အေပ်ာ့စား ရွန္ပူသံုးျပီး ေခါင္းေလွ်ာ္လို႔ရပါျပီ ။
မွတ္ခ်က္ ။ ဆံပင္ ေဆးတဲ့အခါ ဘယ္ေသာအခါမွ ေရပူ မသံုးပါနွင္ ့။
ပန္းသီး ရွာလကာရည္ သံုးနည္း
ဒီ နည္းလမ္း ကေတာ့ လုပ္ဖူးသူတိုင္း တကယ္အားရေက်နပ္ၾကတဲ ့နည္းလမ္းပါပဲ ။ ယံုလုိက္ပါ ။ ပန္းသီး ရွာလကာရည္က သင့္ေရခ်ိဳးခန္းထဲမွာရွိတဲ့ conditioner ဘူးထက္ အမ်ားၾကီး ပိုေကာင္းပါတယ္ ။ ဆံပင္ ကို ေပ်ာ့ေျပာင္းေတာက္ေျပာင္ေစရံုမက ဦးေရျပားကို က်န္းမာေစျပီး ေဗာက္ထျခင္းကိုလည္း ေပ်ာက္ကင္းေစပါတယ္ ။
ပထမဦးစြာ ပံုမွန္ေ ေခါင္းေလွ်ာ္ေနၾကအတိုင္း ေလွ်ာ္ပါ ။ ျပီးလွ်င္ ပန္းသီး ရွာလကာရည္ နွင္ ့ေရကို ဆတူေရာျပီး ေခါင္းေပၚေလာင္းကာ ဆံသား နွင့္ ဦးေရျပား ကို နွိပ္ေပးပါ ။ မိနစ္အနည္းငယ္ခန႔္ၾကာလွ်င္ ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ ။ အနံ႔ေတာ့ နည္းနည္းဆိုးပါလိမ့္မယ္ ။ ေရျဖင့္ေဆးလို႔ အနံ႔ရွိေနေသးလွ်င္ ေခါင္းေလွ်ာ္ရည္ အေပ်ာ့စားျဖင့္ ေလွ်ာ္လို႔ရပါတယ္ ။ ျဖစ္နိုင္လွ်င္ေတာ့ ေရ သန္႔ျဖင့္ ေဆးေၾကာတာကအေကာင္းဆံုးပါပဲ ။ ဒီနည္းလမ္းကိုေတာ့ တစ္ပါတ္လွ်င္ တစ္ၾကိမ္သာ ျပဳလုပ္သင့္ပါတယ္ ။ Credit : ေရႊအင္းေလး
Unicode ဖြင့်ဖတ်ရန်

ဖယောင်းသွင်းထားသလို ဆံပင်ကို တောက်ပြောင်ပျော့အိစေမယ့် နည်းလမ်း ၂မျိုး
ကြမ်းပြီးမွဲခြောက်တဲ့ဆံပင်ကို လူတော်တော်များများမှာ တွေ့နေရပါတယ် ။ဒီလို မွဲခြောက်တဲ့ဆံပင်ပုံစံက ခေါင်းဖြီးထားလည်း သပ်သပ်ရပ်ရပ်မရှိဘူးလို့ ခံစားရစေပါတယ် ။အမျိုးသမီးတိုင်းကတော့ နူးညံ့ပြီး တောက်ပြောင်တဲ့ဆံပင်မျိုးကို လိုချင်ကြပါတယ် ။ ဆိုင်မှာ ဖယောင်းသွင်းခြင်းကလည်း ဓါတုဆေးတွေသုံးရတဲ့အတွက် ခဏတာသာ လှစေပြီး ဆေးကြောင့် ဆံပင်တွေ ပျက်စီးနိုင်ပါတယ် ။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အိမ်တွင်းနည်းလမ်းတွေကသာ အကောင်းဆုံး ဖြစ်ပါတယ်။
ကြက်ဥသုံးနည်း
ဆံသားကျန်းမာရေးအတွက် ကြက်ဥက အကောင်းဆုံး ပစ္စည်းပဲ ဖြစ်ပါတယ် ။ ကောင်းမွန်တဲ့ ပရိုတိန်းဓါတ် ၊ lecithin နှင့် fatty acid များ ကြွယ်ဝစွာပါဝင်ပြီး ပျက်စီးမွဲခြောက်နေတဲ့ ဆံပင်အတွက် အကောင်းဆုံး ဆေးဖက်ဝင် ပစ္စည်းပါပဲ ။ ကြက်ဥနဲ့ ပေါင်းတင်ခြင်းဖြင့် ဆံပင်ကို ပိုမိုမဲနက်စေပြီး မွဲခြောက်မှုကင်းကာ တောက်ပြောင်စေပါတယ် ။
ကြက်ဥတစ်လုံးရဲ့ အကာကိုသက်သက်ဖယ်ယူပါ ။ ပြီးနောက် သံလွင်ဆီ နှင့် ပျားရည်ကို လက်ဖက်ရည် ၁ဇွန်းစီ ထည့်ပြီး ပြေပျစ်သည်အထိ မွှေပါ ။ ထို့နောက်တွင် ဆံပင်အနှံ့သုတ်လိမ်းပြီး shower cap ဖြင့် နာရီဝက်ခန့် အုပ်ထားပါ ။ ပြီးနောက်တော့ အပျော့စား ရှန်ပူသုံးပြီး ခေါင်းလျှော်လို့ရပါပြီ ။
မှတ်ချက် ။ ဆံပင်ဆေးတဲ့အခါ ဘယ်သောအခါမှ ရေပူ မသုံးပါနှင့်။
ပန်းသီးရှာလကာရည်သုံးနည်း
ဒီနည်းလမ်းကတော့ လုပ်ဖူးသူတိုင်း တကယ်အားရကျေနပ်ကြတဲ့နည်းလမ်းပါပဲ ။ ယုံလိုက်ပါ ။ ပန်းသီးရှာလကာရည်က သင့်ရေချိုးခန်းထဲမှာရှိတဲ့ conditioner ဘူးထက် အများကြီး ပိုကောင်းပါတယ် ။ ဆံပင်ကို ပျော့ပြောင်းတောက်ပြောင်စေရုံမက ဦးရေပြားကို ကျန်းမာစေပြီး ဗောက်ထခြင်းကိုလည်း ပျောက်ကင်းစေပါတယ် ။
ပထမဦးစွာ ပုံမှန်ခေါင်းလျှော်နေကြအတိုင်း လျှော်ပါ ။ ပြီးလျှင် ပန်းသီးရှာလကာရည်နှင့်ရေကို ဆတူရောပြီး ခေါင်းပေါ်လောင်းကာ ဆံသားနှင့် ဦးရေပြားကို နှိပ်ပေးပါ ။ မိနစ်အနည်းငယ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ အနံ့တော့ နည်းနည်းဆိုးပါလိမ့်မယ် ။ ရေဖြင့်ဆေးလို့ အနံ့ရှိနေသေးလျှင် ခေါင်းလျှော်ရည် အပျော့စားဖြင့် လျှော်လို့ရပါတယ် ။ ဖြစ်နိုင်လျှင်တော့ ရေသီးသန့်ဖြင့် ဆေးကြောတာကအကောင်းဆုံးပါပဲ ။ ဒီနည်းလမ်းကိုတော့ တစ်ပါတ်လျှင် တစ်ကြိမ်သာ ပြုလုပ်သင့်ပါတယ် ။
Credit : ရွှေအင်းလေး

No comments:

Powered by Blogger.