အဖမ္းခံေဆာ္ဒီမင္းသားေတြအတြက္ ယာယီေထာင္အျဖစ္ ၾကယ္ငါးပြင့္ ဟိုတယ္ကုိ အသုံးျပဳ
Zawgyi ျဖင့္ဖတ္ရန္
ေဆာ္ဒီအာေရးဘီးယားနုိင္ငံမွာ ၾကယ္ငါးပြင့္ ေထာင္ကို ဖြင့္လွစ္လိုက္ျပီျဖစ္ပါတယ္။ ရီယာ့ဒ္ျမိဳ႕ေတာ္ရွိ ရစ္ကာလ္တန္ဟိုတယ္က ဧည့္သည္ေတြကို စေနေန႕ညမွာ ဖယ္ရွားလိုက္ျပီး လာဘ္စားမႈနဲ႕ အဖမ္းခံထားရတဲ႕ ေဆာ္ဒီမင္းသားေတြနဲ႕ နုိင္ငံအာဏာရွိပုဂၢိဳလ္ေတြေနဖို႕ စီစဥ္လိုက္ေၾကာင္း နယူးေယာက္တုိင္းမ္ သတင္းစာက ေရးသားထားပါတယ္။ ဟိုတယ္ကဧည္႕သည္ေတြအားလုံးကို သူတုိ႕ ပစၥည္းေတြနဲ႕အတူ ဧည့္ခန္းမွာ စုေ၀းေစျပီး ျမိဳ႕ထဲက အျခားတည္းခို စရာေနရာေတြကို လုိက္လံပို႕ေဆာင္ျပီးေနာက္ ညသန္းေခါင္းခ်ိန္မွာ အက်ဥ္းသားေတြေရာက္လာေၾကာင္း၊ သည္ထဲမွာ တြစ္တာမွာ အေမရိကန္သမၼတထရမ္႔နဲ႕ရန္ျဖစ္ထားတဲ႕ ဘီလ်ံနာသူေဌးတစ္ဦးကို အခန္းနံပါတ္ ၄၉၂မွာ အက်ဥ္းခ်ထား ေၾကာင္း ဂါဒီးယန္းသတင္းစာမွာ ေရးသားထားပါတယ္။
သည္အပန္းေျဖဟုိတယ္ဟာ ၅၂ဧက က်ယ္ျပီး ပန္းျခံေတြ၊ စားေသာက္ဆုိင္ ၆ဆိုင္၊ ေဘာလုံးကြင္းတစ္ကြင္း၊ ဟိုတယ္အတြင္းေရကူးကန္တစ္ခု၊ ခန္းမၾကီးနွစ္ခန္းနဲ႕ ေယာက်္ားသီးသန္႕ေရပူစမး္တစ္ခန္း ရွိေၾကာင္း ဟိုတယ္၀က္ဆုိုက္ကတစ္ဆင့္သိရပါတယ္။ ဒါေပမယ့္ ဒါေတြကို အက်ဥ္းသားေတြကို အသုံးျပဳခြင့္ ေပး မေပးကို ေသခ်ာမသိရပါဘူး။ ဒီဇင္ဘာ၁၅ရက္အထိ အခန္းေတြကို အြန္လုိင္းကေနၾကိဳတင္စာရင္းသြင္းထားလို႕မရေတာ့ေၾကာင္း ဒီဇင္ဘာတစ္ရက္ကျပန္စျပီး ၾကိဳတင္စာရင္းသြင္းနုိင္ေၾကာင္း သည္ပြိင့္ဂိုင္း ခရီးသြား၀က္ဘ္ဆုိက္မွာ တနဂၤေႏြေန႕က ေရးသားထားပါတယ္။ ဒီဇင္ဘာ ၁၆ရက္မွာ စတင္ဖြင့္မွာျဖစ္ျပီး အခန္းခမွာ အေမရိကန္ေဒၚလာ ၁၁၆၅ ကေန ၁၄၂၈၉အထိ ရွိေၾကာင္းေရးသားထားပါတယ္။ တနဂၤေႏြေန႔က သည္ကိစၥနဲ႕ ပတ္္သက္ျပီး ေဆြးေႏြးဖို႕ ဟိုတယ္ေျပာေရးဆုိခြင့္ရွိသူကုိ ဆက္သြယ္ရာ ျငင္းပယ္ခဲ႕ျပီး ယင္းေန႕မွစတင္ကာ ဟိုတယ္ဖုန္းလိုင္းေတြကို ျဖတ္ေတာက္ထားေၾကာင္း သတင္းေတြမွာေရးသားထားပါတယ္။
သည္ဖမ္းဆီးမႈကို ေဆာ္ဒီဘုရင္ၾကီး ဆယ္မန္ရဲ႕သားေတာ္ အိမ္ေရွ႕စံမင္းသား မိုဟာမက္ဘင္ဆယ္မန္ရဲ႕အမိန္႕အရ ေဆာ္ဒီအာဏာပိုင္ေတြက လုပ္ေဆာင္ခဲ႕တာျဖစ္ပါတယ္။ အိမ္ေရွ႕စံဟာ အာဏာၾကီးထြားဖို႕အတြက္ ေဆာ္ဒီမွာ လာဘ္စားမႈ ပေပ်ာက္ေရးလႈပ္ရွားမႈနဲ႕သူတို႕ကိုဖမး္ဆီးခဲ႕တာျဖစ္ေၾကာင္း နယူးေယာက္တုိင္းမ္မွာ ေရးသားထားပါတယ္။ နိုင္ငံထဲကေန ထြက္မေျပးေစဖို႕ မင္းသားေတြနဲ႕ စီးပြားေရးလုပ္ငန္းရွင္ေတြ အသုံးျပဳတဲ႕ ကိုယ္ပိုင္ေလဆိပ္ကိုလည္း ပိတ္သိမ္းထားမွာ ျဖစ္ေၾကာင္းေရးသားထားပါေသးတယ္။
Unicode ဖြင့်ဖတ်ရန်
ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ကြယ်ငါးပွင့်ထောင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ရီယာ့ဒ်မြို့တော်ရှိ ရစ်ကာလ်တန်ဟိုတယ်က ဧည့်သည်တွေကို စနေနေ့ညမှာ ဖယ်ရှားလိုက်ပြီး လာဘ်စားမှုနဲ့ အဖမ်းခံထားရတဲ့ ဆော်ဒီမင်းသားတွေနဲ့ နိုင်ငံအာဏာရှိပုဂ္ဂိုလ်တွေနေဖို့ စီစဉ်လိုက်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ရေးသားထားပါတယ်။ ဟိုတယ်ကဧည့်သည်တွေအားလုံးကို သူတို့ ပစ္စည်းတွေနဲ့အတူ ဧည့်ခန်းမှာ စုဝေးစေပြီး မြို့ထဲက အခြားတည်းခို စရာနေရာတွေကို လိုက်လံပို့ဆောင်ပြီးနောက် ညသန်းခေါင်းချိန်မှာ အကျဉ်းသားတွေရောက်လာကြောင်း၊ သည်ထဲမှာ တွစ်တာမှာ အမေရိကန်သမ္မတထရမ့်နဲ့ရန်ဖြစ်ထားတဲ့ ဘီလျံနာသူဌေးတစ်ဦးကို အခန်းနံပါတ် ၄၉၂မှာ အကျဉ်းချထား ကြောင်း ဂါဒီးယန်းသတင်းစာမှာ ရေးသားထားပါတယ်။
သည်အပန်းဖြေဟိုတယ်ဟာ ၅၂ဧက ကျယ်ပြီး ပန်းခြံတွေ၊ စားသောက်ဆိုင် ၆ဆိုင်၊ ဘောလုံးကွင်းတစ်ကွင်း၊ ဟိုတယ်အတွင်းရေကူးကန်တစ်ခု၊ ခန်းမကြီးနှစ်ခန်းနဲ့ ယောကျ်ားသီးသန့်ရေပူစမ်းတစ်ခန်း ရှိကြောင်း ဟိုတယ်ဝက်ဆိုက်ကတစ်ဆင့်သိရပါတယ်။ ဒါပေမယ့် ဒါတွေကို အကျဉ်းသားတွေကို အသုံးပြုခွင့် ပေး မပေးကို သေချာမသိရပါဘူး။ ဒီဇင်ဘာ၁၅ရက်အထိ အခန်းတွေကို အွန်လိုင်းကနေကြိုတင်စာရင်းသွင်းထားလို့မရတော့ကြောင်း ဒီဇင်ဘာတစ်ရက်ကပြန်စပြီး ကြိုတင်စာရင်းသွင်းနိုင်ကြောင်း သည်ပွိင့်ဂိုင်း ခရီးသွားဝက်ဘ်ဆိုက်မှာ တနင်္ဂနွေနေ့က ရေးသားထားပါတယ်။ ဒီဇင်ဘာ ၁၆ရက်မှာ စတင်ဖွင့်မှာဖြစ်ပြီး အခန်းခမှာ အမေရိကန်ဒေါ်လာ ၁၁၆၅ ကနေ ၁၄၂၈၉အထိ ရှိကြောင်းရေးသားထားပါတယ်။ တနင်္ဂနွေနေ့က သည်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဟိုတယ်ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ရာ ငြင်းပယ်ခဲ့ပြီး ယင်းနေ့မှစတင်ကာ ဟိုတယ်ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားကြောင်း သတင်းတွေမှာရေးသားထားပါတယ်။
သည်ဖမ်းဆီးမှုကို ဆော်ဒီဘုရင်ကြီး ဆယ်မန်ရဲ့သားတော် အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်မန်ရဲ့အမိန့်အရ ဆော်ဒီအာဏာပိုင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အိမ်ရှေ့စံဟာ အာဏာကြီးထွားဖို့အတွက် ဆော်ဒီမှာ လာဘ်စားမှု ပပျောက်ရေးလှုပ်ရှားမှုနဲ့သူတို့ကိုဖမ်းဆီးခဲ့တာဖြစ်ကြောင်း နယူးယောက်တိုင်းမ်မှာ ရေးသားထားပါတယ်။ နိုင်ငံထဲကနေ ထွက်မပြေးစေဖို့ မင်းသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အသုံးပြုတဲ့ ကိုယ်ပိုင်လေဆိပ်ကိုလည်း ပိတ်သိမ်းထားမှာ ဖြစ်ကြောင်းရေးသားထားပါသေးတယ်။

No comments: