မိန်းကလေး တွေတောင် ထိုင်ငိုသွားမယ့် ရန်အောင် ရဲ့ အလှ
Zawgyi ဖြင့်ဖတ်ရန်
ဘယ်လိုတွေတောင်လှလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
ရန်အောင် က သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ မိန်းကလေး လို ဝတ်ပြီး မြန်မာဆန်ဆန်နဲ့ ပြင်ဆင်ထားတဲ့ ဓာတ်ပုံ လေးတွေကို တင်ထားတာ တွေ့ရပါတယ်။ မိန်းမ လို ဝတ်ပြီး ဇာတ်ကား တွေတော်တော်များများမှာ ရိုက်ကူးဖူးပေမယ့် ဒီတစ်ခါ တင်ထားတဲ့ ပုံလေးတွေက မိန်းကလေး တွေတောင် ထိုင်ငိုသွားစေမယ့် ပုံလေးတွေပါ။ မျက်နှာပြုပြင်ပြီး နောက်ပိုင်း ပိုပြီး လှလာတာကိုလည်း တွေ့ရပါတယ်။
ဒီတစ်ခါတင်ထားတဲ့ ပုံလေးတွေကတော့ “ပင်လယ်လုပွဲ ” ဇာတ်ဝင်ခန်း ရဲ့ ပုံရိပ်တ ချို့ကို တင်ထားတာ ဖြစ်ပါတယ်။ ပင်လယ်လုပွဲ ရုပ်ရှင် ဇာတ်ကား ကို ချောင်းသာ မှာ ရိုက်ကူး နေတာ ဖြစ်ပါတယ်။ ရန်အောင် ရဲ့ ပုံလေးတွေကိုလည်း ပရိသတ် တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ပင်လယ်လုပွဲ ဇာတ်ကား မှာတော့ ရန်အောင်နဲ့ အတူ ရဲအောင်၊ ဇေရဲထက်၊ သွန်းဆက်၊ နန်းမြတ်ဖြိုးသင်းတို့ပါဝင်ရိုက်ကူးနေတာ ဖြစ်ပြီး ဒါရိုက်တာ ရာဇဝင်ကို က ပုံဖော် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပင်လယ်လုပွဲရုပ်ရှင်ဇာတ်ကားကြီးကတော့ ” ပင်လယ် ဆို တဲ့ ကောင်လေး တစ်ယောက်ကို ဝိုင်းလုကြတဲ့ ဇာတ်လေးပေါ့၊ အဲ့ဒီ ဇာတ်ကား ထဲမှာလည်း ပရိသတ်တွေထင်မှတ်မထားတဲ့ ပလော့ဂ်ျမျိုး တွေပါမယ်။ သမရိုးကျထဲက ခွဲထွက်နေတဲ့ ဇာတ်တစ်ပုဒ်ပေါ့နော်။ ကာရိုက် တာတစ်ခုရှိမယ် ယောက်ျား တစ်ယောက်က မိန်းမ ဘဝကို ပြောင်းမယ်၊ မိန်းမ တစ်ယောက်က ယောက်ျား ဘဝ ကိုပြောင်းတယ် ဒီလို ဇာတ်လေးဆင်ထားပါတယ်” လို့ ဒါရိုက်တာ ရာဇဝင်ကို ပြောပါတယ်။ဒီရုပ်ရှင် ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ရိုက်ကူးနေတာပါ။

No comments: