Header Ads

Breaking News
recent

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ရေရှင်ကျေးရွာတွင် အဖွားအိုတစ်ဦးအားဓားထိုးအကြမ်းဖက်လုယက်မှုတစ်ခု ဖြစ်ပွား

သထင်းထူး 22.6.2017 စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ရွာကုန်းကြီးရဲစခန်းအပိုင် ရေရှင်ကျေးရွာတွင် အဖွားအိုတစ်ဦးအားဓားထိုးအကြမ်းဖက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ယနေ့ နေ့လည် 2နာရီ 15 မိနစ်အချိန်ခန့်တွင် ယခုပုံပါအသက် 70နှစ် နီးပါးအရွယ်အဖွားအိုမှာ ၎င်း၏နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူဟု ယူဆရသည့် ရေရှင်ကွက်သစ်တွင်နေထိုင်သူ အမည်မသိရခိုင်တစ်ဦးမှ ( သူ၏ ပုဆိုးအားခြုံ၍ ရုပ်ဖျက်ကာ) အဖွားအိုအား ဓားဖြင့် ထိုးနက်အကြမ်းဖက်လုယက်ခြင်းဖြစ်ပါတယ်။ အမေအရွယ် အဖွားအရွယ်တစ်ယောက်အား ယခုကဲ့သို့ လူမဆန်စွာ ရက်ရက်စက်စက်ပြုလုပ်သွားသည့် တရားခံအား အမြန်မိအောင် ယခုပို့စ်အား share ပေးခြင်းဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အား ဖိအားတစ်ခု ဖြစ်စေမှာဖြစ်ပါတယ်။ ကျေးဇူးပြု၍ share ပေးကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။

ထပ်မံရရှိသည့်သတင်းများကိုလည်း ဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်။

No comments:

Powered by Blogger.