ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အား အရေး ယူရန် ကန် နှင့် အီးယူ စဉ်းစားလျက်ရှိ
အဆိုပါ ကိစ္စကို ရိုက်တာ သတင်းစဉ်မှ ရန်ကုန် ဘရပ်ဆဲလ် နှင့် ၀ါရှင်တန်ရှိ သံတမန်မျုား နဲ့အစိုးရ အရာရှိများကို တွေ့ဆုံမေးမြန်ုးခဲ့စဉ် အတွင်း အခုလို သိခဲ့ရတာ ဖြစ်တယ်လို့ ဆို ပါတယ်။
သို့သော် အခုအချိန်အထိ ဘာမှ မယ်မယ်ရရ ဆုံးဖြတ်ရခြင်း မရှိသေးပဲ ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းနိုင်တယ်လို့ ဆိုပြန်ပါတယ်။ သို့သော် ရခိုင်ပြည်နယ် အတွက် အကူအညီများ တိုး
မြှင့်ပေးမယ်လို့လည်း.သိရပါတယ်။
သို့သော် ပြီးခဲ့သည့် လ အတွင်းက မည်သို့ မျ အစီအစဉ် မရှိခဲ့သည့် အဆိုပါ ပြစ်ဒဏ် ခတ်ရေးအား ယခုအခါ အကြိတ်အနယ် ဆွေးနွေးနေသည့် အဆင့် ရောက်လာသည်ကို ကြည့်ချင်းအားဖြင့် အနောက်အုပ်စု မူဝါဒ ရေး ဆွဲသူများ အကြီးအကျယ် ဖိအားပေးခံနေရတယ် ဆိုတာ သိသာ ကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
ထရန့် အစိုးရ အဖွဲ့ အတွင်း မြန်မာစစ်ခေါင်း ဆောင်များကို မည်သို့ မည်ပုံ ဖိအားပေးနိုင် မလဲဟု ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် အထက် တန်း အရာရှိ နှစ်ဦးရဲ့ အဆိုအရတော့ ဗိုလ် ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် အခြား ဗိုလ်ချူပ် ကြီးများ အပါအ၀င် ရခိုင် ပြည်သူ့စစ် ခေါင်း
ဆောင်များ အား ပြစ်ဒဏ်ခတ်ရေး ဆွေးနွေးနေ ဆဲလို့ သိရပါတယ်။ အကောင်အထည် ဖေါ်ဖြစ်မည်ဆိုက အမေရိ ကန်ရှိ ၎င်းတို့ ပိုင်ဆိုင်မှုများ အား ထိမ်းချုပ်ခြင်း၊ အမေရိကန်နှင့် ဥရောပသို့ လာရောက်ခွင့် ပိတ်ပင်ခြင်း၊ ၎င်းတို့ နှင့် အမေရိကန် နိုင်ငံသားများအား စီး ပွားရေး အတူတကွ လုပ်ခြင်းအား တားမြစ်ခြင်း၊ နှင့် အခြား မဖေါ်ပြရသေးသော အစီအစဉ်များ
ပါဝင်လိမ့်မယ်လို့ ဆိုပါတယ
အထူးသဖြင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ တာဝန် အရှိဆုံးလို့ ဆိုပါတယ်။
အကယ်၍ လုပ်ဖြစ်က ဒေါ်နယ် ထရန့်ရဲ့ အာရှ ခရီးစဉ် စတင်ဖို့ ရှိတဲ့ နိုဝင်ဘာ ပထမ နှစ်ပါတ် အတွင်း မှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
သို့သော်လည်း မြန်မာစီးပွားရေး ထိခိုက်နိုင် မည့် အလားအလာများ။ ဒေါ်အောင်ဆန်းစု ကြည်နှင့် စစ်တပ်အကြား လက်ရှိ အနေအထား မှ ပိုမိုတင်းမာလာနိုင်သည့်အရေး အပါအ၀င်တရုတ်ရဲ့ သြဇာ ယခင်ကထက် လွှမ်းမိုးလာ နိုင်သည့် အရေးများကို ကျယ်ကျယ်ပြန့်ပြန့်. ထည့်သွင်း စဉ်းစားနေကြပြန်ပါတယ်။
နောက်တဖန် OIC နိုင်ငံများက ဦးဆောင်ပြီး ယခုနှစ် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး နဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးကို အီးယူ နိုင်ငံ
များက ၀င်ရောက် ထောက်ခံကြဖို့ ရှိနေပါတယ်။
သို့သော် အလားတူ ဆုံးဖြတ်ချက် သို့မဟုတ် ကြေငြာချက်တစောင် ကုလ လုံခြုံရေး ကောင် စီမှ ထုတ်ပြန်ဖို့ကို ဆွေးနွေးနေပေမယ့် တရုတ် နှင့် ရုရှား တို့ကြောင့် ဖြစ်နိုင်ဖွယ် မရှိသေးတဲ့ အနေအထား မှာ တွေ့ရပါတယ်။
မြန်မာမှလည်း ထိုကဲ့သို့ ဖြစ်မလာရေး တရုတ် နှင့် ရုရှားတို့ နဲ့ ဆွေးနွေးနေခဲ့ပြီး ၎င်းတို့မှ မြန်မာဖက်မှ အခိုင်အမာ ရပ်တည်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
လောလောဆယ်တွင် ကုလသမဂ္ဂနှင့် မြန်မာ ဆက်ဆံရေးသည် တင်းမာနေခဲ့ပြီး မြန်မာ အတွက် ဌာနေ ကိုယ်စားလှယ် အကြီးအကဲ ကို လက်ထောက် အတွင်းရေးမှုးချုပ် အဆင့် ရှိသူတဦးအား အဆင့် တိုးမြှင့် ခန့် အပ်ရေး အဆိုပြု ချက်အား.အင်းမလှုပ် အဲမလှုပ်သာ တုံ့ ပြန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်း ကတော့ ကုလ အနေနဲ့ နိုင်ငံအားလုံးကို တပြေးညီဆက်ဆံရမှာ ဖြစ်ကြောင်း နိုင်ငံတိုင်းတွင် ကုလ လက်ထောက်အတွင်းရေးမှုးချုပ် အဆင့်ရှိသူတိုင်းကို ခန့် အပ်မည်ဆိုက ဘာမှ စဉ်းစားစရာ လိုမည်မထင်ကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

No comments: