Header Ads

Breaking News
recent

ဖိုေဟာ္မုန္းပမာဏနည္းေသာ အမ်ိဳးသားမ်ား သုက္လႊတ္ဂလင္းကင္ဆာ ျဖစ္ပြားႏိုင္ေျခနည္း

Zawgyi ျဖင့္ဖတ္ရန္
ဖိုေဟာ္မုန္း ပုံမွန္မဟုတ္ဘဲ ပမာဏနည္းေနေသာ အမ်ိဳးသားမ်ားသည္ သုက္လႊတ္ဂလင္းကင္ဆာ ျဖစ္ပြားႏိုင္ေျခ နည္းပါးေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။ ယင္းေလ့လာမႈကို ၿဗိတိန္ႏိုင္ငံ ေအာက္စဖို႔ဒ္တကၠသိုလ္မွသုေတသီမ်ားက ျပဳလုပ္ခဲ့သည္။

အေမရိကန္ႏိုင္ငံတြင္ သုက္လႊတ္ဂလင္းကင္ဆာ ျဖစ္ပြားေသာ အမ်ိဳးသား တစ္ႏွစ္လွ်င္ ၁၇၀,၀၀၀ ေက်ာ္ရွိၿပီး ၎တို႔အနက္ ၃၀,၀၀၀ သည္ ယင္းေရာဂါျဖင့္ အသက္ေသဆုံးေနရသည္။ သုက္လႊတ္ဂလင္းကင္ဆာ ျဖစ္ပြားရသည့္အေၾကာင္းရင္းကို မသိရေသာ္လည္း အသက္အ႐ြယ္၊ လူမ်ိဳးႏွင့္ မ်ိဳးဗီဇမ်ိဳးေျပာင္းျခင္းမ်ားကဲ့သို႔ အႏၲရာယ္မ်ားေၾကာင့္ ယင္းေရာဂါျဖစ္ႏိုင္ေၾကာင္း သုေတသီမ်ားကေျပာသည္။ ဖိုေဟာ္မုန္းက သုက္လႊတ္ဂလင္းကင္ဆာရွိေသာ အမ်ိဳးသား မ်ားတြင္ အက်ိတ္ဆဲလ္မ်ား ႀကီးထြားလာေစရန္ အားေပးေၾကာင္း သိရသည္။ ခႏၶာကိုယ္ထဲရွိ ဖိုေဟာ္မုန္းကို ေလွ်ာ့ခ်ပစ္ျခင္း (သို႔မ ဟုတ္) တားဆီးျခင္းျဖင့္ သုက္လႊတ္ဂလင္းကင္ဆာကို ကုသႏိုင္ သည္။ ဖိုေဟာ္မုန္းပမာဏ နည္းပါးျခင္းေၾကာင့္ သုက္လႊတ္ဂလင္း ကင္ဆာျဖစ္ပြားႏိုင္ေျခ ၂၀ ရာခိုင္ႏႈန္း နည္းပါးေၾကာင္း သုေတသီ မ်ားက ေျပာသည္။

သို႔ေသာ္ အံ့ဩဖြယ္ရာေကာင္းသည္မွာ ယင္းကဲ့သို႔ ဖိုေဟာ္မုန္းပမာဏနည္းေသာ အမ်ိဳးသားမ်ား သုက္လႊတ္ဂလင္းကင္ဆာ ျဖစ္ပြားလာပါက အေျခအေနပိုမိုျပင္းထန္ေၾကာင္း သုေတသီမ်ား ကေျပာသည္။ ယခုေလ့လာမႈကေန၍ ေနာင္တြင္ အမ်ိဳးသားမ်ား သုက္လႊတ္ ဂလင္းကင္ဆာျဖစ္ပြားႏိုင္သည့္ အႏၲရာယ္မ်ားကို စစ္ေဆးရန္ နည္း လမ္းတစ္ရပ္ ထြက္ေပၚလာႏိုင္ေၾကာင္း သုေတသီမ်ားက ေျပာ သည္။ သုက္လႊတ္ဂလင္းကင္ဆာေၾကာင့္ အႏၲရာယ္မက်ေရာက္မီ ေစာေစာစီးစီး ေရာဂါေဖာ္ထုတ္သိရွိႏိုင္ပါက ကုသရလြယ္ကူၿပီး ေပ်ာက္ကင္းႏိုင္သည္။

Unicode ဖြင့်ဖတ်ရန်

ဖိုဟော်မုန်းပုံမှန်မဟုတ်ဘဲ ပမာဏနည်းနေသော အမျိုးသားများသည် သုက်လွှတ်ဂလင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။ ယင်းလေ့လာမှုကို ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှသုတေသီများက ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံတွင် သုက်လွှတ်ဂလင်းကင်ဆာ ဖြစ်ပွားသော အမျိုးသား တစ်နှစ်လျှင် ၁၇၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၃၀,၀၀၀ သည် ယင်းရောဂါဖြင့် အသက်သေဆုံးနေရသည်။ သုက်လွှတ်ဂလင်းကင်ဆာ ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသော်လည်း အသက်အရွယ်၊ လူမျိုးနှင့် မျိုးဗီဇမျိုးပြောင်းခြင်းများကဲ့သို့ အန္တရာယ်များကြောင့် ယင်းရောဂါဖြစ်နိုင်ကြောင်း သုတေသီများကပြောသည်။ ဖိုဟော်မုန်းက သုက်လွှတ်ဂလင်းကင်ဆာရှိသော အမျိုးသား များတွင် အကျိတ်ဆဲလ်များ ကြီးထွားလာစေရန် အားပေးကြောင်း သိရသည်။ ခန္ဓာကိုယ်ထဲရှိ ဖိုဟော်မုန်းကို လျှော့ချပစ်ခြင်း (သို့မ ဟုတ်) တားဆီးခြင်းဖြင့် သုက်လွှတ်ဂလင်းကင်ဆာကို ကုသနိုင် သည်။

ဖိုဟော်မုန်းပမာဏ နည်းပါးခြင်းကြောင့် သုက်လွှတ်ဂလင်း ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်း နည်းပါးကြောင်း သုတေသီ များက ပြောသည်။ သို့သော် အံ့ဩဖွယ်ရာကောင်းသည်မှာ ယင်းကဲ့သို့ ဖိုဟော်မုန်းပမာဏနည်းသော အမျိုးသားများ သုက်လွှတ်ဂလင်းကင်ဆာ ဖြစ်ပွားလာပါက အခြေအနေပိုမိုပြင်းထန်ကြောင်း သုတေသီများ ကပြောသည်။ ယခုလေ့လာမှုကနေ၍ နောင်တွင် အမျိုးသားများ သုက်လွှတ် ဂလင်းကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်များကို စစ်ဆေးရန် နည်း လမ်းတစ်ရပ် ထွက်ပေါ်လာနိုင်ကြောင်း သုတေသီများက ပြော သည်။ သုက်လွှတ်ဂလင်းကင်ဆာကြောင့် အန္တရာယ်မကျရောက်မီ စောစောစီးစီး ရောဂါဖော်ထုတ်သိရှိနိုင်ပါက ကုသရလွယ်ကူပြီး ပျောက်ကင်းနိုင်သည်။

No comments:

Powered by Blogger.