Header Ads

Breaking News
recent

မိတၳီလာ မွာ ေရွးေဟာင္းဘုရား ထီးတင္ခဲ့တဲ့ ေဇာ္ဝင္းထြဋ္ နဲ႔ အာဇာနည္ တို႔ မိသားစု မ်ား

နာမည္ေက်ာ္ အဆိုေတာ္ ေရာခ့္ကာႀကီး ေဇာ္ဝင္းထြဋ္ တို႔ မိသားစု နွင့္ Rဇာနည္ တို႔ မိသားစု တို႔က မိတၳီလာ ေဒသမွာ ေရွးေဟာင္း ဘုရား ေစတီ မ်ားကို ထီးတင္ပဲြ ျပဳလုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒီေန႔ (ႏိုဝင္ဘာလ ၆ ရက္) မွာေတာ့ ဘုရားထီးတင္ ကုသိုလ္ ယူေနတဲ့ ၾကည္ႏူးဖြယ္ ဓာတ္ပံုမ်ား ေဖ့စ္ဘြက္ စာမ်က္ႏွာေပၚ ေရာက္လာခဲ့ပါတယ္။
မိတၳီလာျမဳိ႕အနီး မုန္တိုင္ေက်းရြာ မွာ ေရွးေဟာင္းဘုရား ျပည္လုံးခ်မ္းသာေစတီ ,ေရႊဘုံသာေစတီ ,ေငြဘုံသာ ေစတီ ဘုရားမ်ားအား ျပန္လည္ျပဳျပင္ျခင္း ေရႊထီးေတာ္ -စိန္ဖူးေတာ္-ဌက္ျမတ္နာေတာ္မ်ား တင္လွဴပူေဇာ္ျခင္း ႏွင့္ ဗုဒၶဘိေသကအေနကဇာတင္ မဟာမဂၤလာအလွဴပြဲ ျပဳလုပ္တာလို႔ သိရပါတယ္။
အလွဴရွင္မ်ားကေတာ့ အဆိုေတာ္ ေဇာ္ဝင္းထဋ္ မိသားစု ၊ အဆိုေတာ္ R ဇာနည္ မိသားစု ႏွင့္ ကိုေအာင္သူ (မႏၲေလး) တို႔ ျဖစ္ေၾကာင္း သိရသည္။ ယခင္ ဆယ္စုႏွစ္မ်ားမွ ယခုတိုင္ ပရိတ္သတ္ လက္ခံအႀကိဳက္ေတြ႔ေနဆဲ ေရာ့ခ္ဂီတ ပညာရွင္တစ္ဦးျဖစ္တဲ့ ေဇာ္ဝင္းထဋ္က ၿပီးခဲ့သည္ရက္ပိုင္းကလည္း အာဇာနည္ ၊ ေဝလတို႔ႏွင့္အတူ ေဆးေပါင္းခတဲ့ည ေဖ်ာ္ေျဖပဲြႀကီးကို ေအာင္ျမင္စြာ ျပဳလုပ္ၿပီး ပရိတ္သတ္နဲ႔ ထိေတြ႔ခဲ့ေသးသည္။
Unicode ဖြင့်ဖတ်ရန်
မိတ္ထီလာမှာ ရှေးဟောင်းဘုရား ထီးတင်ခဲ့တဲ့ ဇော်ဝင်းထွဋ်နဲ့ အာဇာနည်တို့ မိသားစုများ
နာမည်ကျော် အဆိုတော် ရောခ့်ကာကြီး ဇော်ဝင်းထွဋ်တို့ မိသားစုနှင့် Rဇာနည်တို့မိသားစုတို့က မိတ္ထီလာဒေသမှာ ရှေးဟောင်းဘုရားစေတီများကို ထီးတင်ပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနေ့ (နိုဝင်ဘာလ ၆ ရက်) မှာတော့ ဘုရားထီးတင် ကုသိုလ်ယူနေတဲ့ ကြည်နူးဖွယ် ဓာတ်ပုံများ ဖေ့စ်ဘွက်စာမျက်နှာပေါ် ရောက်လာခဲ့ပါတယ်။
မိတ္ထီလာမြို့အနီး မုန်တိုင်ကျေးရွာ မှာ ရှေးဟောင်းဘုရား ပြည်လုံးချမ်းသာစေတီ ,ရွှေဘုံသာစေတီ ,ငွေဘုံသာ စေတီ ဘုရားများအား ပြန်လည်ပြုပြင်ခြင်း ရွှေထီးတော် -စိန်ဖူးတော်-ဌက်မြတ်နာတော်များ တင်လှူပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာအလှူပွဲ ပြုလုပ်တာလို့ သိရပါတယ်။
အလှူရှင်များကတော့ အဆိုတော် ဇော်ဝင်းထဋ်မိသားစု၊ အဆိုတော် R ဇာနည်မိသားစု နှင့် ကိုအောင်သူ (မန္တလေး) တို့ ဖြစ်ကြောင်း သိရသည်။
ယခင် ဆယ်စုနှစ်များမှ ယခုတိုင် ပရိတ်သတ် လက်ခံအကြိုက်တွေ့နေဆဲ ရော့ခ်ဂီတ ပညာရှင်တစ်ဦးဖြစ်တဲ့ ဇော်ဝင်းထဋ်က ပြီးခဲ့သည်ရက်ပိုင်းကလည်း အာဇာနည်၊ ဝေလတို့နှင့်အတူ ဆေးပေါင်းခတဲ့ည ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ပြုလုပ်ပြီး ပရိတ်သတ်နဲ့ ထိတွေ့ခဲ့သေးသည်။

No comments:

Powered by Blogger.